ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုသစ် နတ်မောက်မြို့ကို သယ်ယူ
2015.02.02

ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူရုပ်တု ပြီးစီးသွားပြီဖြစ်တဲ့ အတွက် မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖဲ့ွချုပ်က ဒီကနေ့ နတ်မောက်မြို့ကို သယ်ဆောင် သွားပြီဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ဗိုလ်ချုပ်နဲ့ အနီးစပ်ဆုံးတူနိုင်အောင် ထုလုပ်ခဲ့ရတယ်လို့ ရုပ်တု ထုလုပ်သူ ပန်းချီပန်းပုဆရာ ကိုအောင်ကျော်ထွန်း က ပြောပါတယ်။
"ရုပ်တုကို မနေ့ကညက အပြီးထုလုပ်ခဲ့ပါတယ်၊ အရုပ် အပ်တဲ့အဖွဲ့တွေကတော့ အားလုံးကျေနပ်အားရမှု ရှိတဲ့အတွက်ကြောင့် ကျနော်လည်း ကျေနပ်အားရမှု ရှိပါတယ်၊ အခက်ခဲတွေတော့ အများကြီးကြုံခဲ့ရ ပါတယ်"
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်တုကို နတ်မောက်မြို့မှာ ဒေသခံတွေက မနက်ဖြန် အခမ်းအနားနဲ့ ကြိုဆို မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်းမွေးဖွားရာ နေအိမ်ပြတိုက်မှာ အများပြည်သူလေ့လာနိုင်ဖို့အတွက် ထားရှိသွားမှာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်၊ ပန်းရဲ့လမ်းအဖဲ့ွ၊ စုတိုင်းပြည်အဖဲ့ွ ၊ နတ်မောက်ဒေသခံ တို့က စုပေါင်းပြီး အဲဒီပုံတူရုပ်တု ထုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။