ကရင်နီလူငယ်တွေ သတင်းစာရှင်းလင်း


2018.07.24
loikaw-bogyoke-karenni-youth-press-622.JPG လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စ ကရင်နီလူငယ်တွေရဲ့ သဘောထားကို ၂၀၁၈ ဇူလိုင်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ရှင်းလင်းစဉ်
Photo: Thant Zin Oo/RFA

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိနိုင်ရေးအတွက် အသစ်ဖွဲ့စည်းမယ့် အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံကိုယ်စား လှယ်တွေပါဝင်တဲ့ ကော်မတီနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်နီလူငယ်တွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မတီကို ဖျက်သိမ်းလိုက်ပြီး ဒေသခံတွေ၊ လူမှုရေးအဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီအသစ်ဖွဲ့ပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ကော် မတီအသစ်မှာ ပြည်နယ်အစိုးရက နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ ဆွေးနွေးမှာ မဟုတ်ဘူး လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဥတ္တရအောင်က ပြောပါတယ်။

လွိုင်ကော်မြို့က ကန္တဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အင်အား ၇၀၀ လောက်ဟာ ဇူလိုင်လ ၃ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ တားဆီးတဲ့ အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စာဖြန့်ဝေတာ၊ ကြေညာချက်တွေ ထုတ်ပြန်တာ၊ ဆန္ဒပြတာတွေကြောင့် ကရင်နီလူငယ် ၁၈ ယောက်ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) (ဂ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။

(ရန်ကုန်မြို့ Orchid Hotel တွင် ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအကြောင်း ဗီဒီယိုသတင်းပေးပို့ချက်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။