မြန်မာဒုက္ခသည် ၃ဝ တောင်ကိုရီးယားမှာ ဘဝသစ် စတင်မယ်
2017.07.25

မြန်မာနိုင်ငံသား ဒုက္ခသည် ၃၀ ၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်း အခြေချနေထိုင်ရေး အစီအစဉ်အရ စုစုပေါင်း လူ ၃၀ ပါ မိသားစု ၅ စု ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုကနေ ဒီနေ့ ရောက်ရှိမယ် လို့ တောင်ကိုရီးယားအစိုးရ တရားရေးဝန်ကြီးဌာန က ပြော ပါတယ်။
အဲဒီ ကုလသမဂ္ဂ အစီအစဉ်မှာ တောင်ကိုရီးယားက ၂၀၁၅ ခုနှစ်က ပါဝင်ခဲ့တာဖြစ်ပြီး၊ အခုလို ပြည်ပဒုက္ခ သည်တွေကို လက်ခံခဲ့တာ ဒါဟာ တတိယအကြိမ်ဖြစ် ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် မြန်မာနိုင် ငံက ဒုက္ခသည် ၂၂ ဦး နဲ့ ဒုတိယအကြိမ်အဖြစ် ၃၄ ဦးလက်ခံခဲ့ပါတယ်။
ဒုက္ခသည်တွေဟာ ဆိုးလ်မြို့မှာ အခြေချမနေထိုင်ခင်၊ နိုင်ငံခြားထောက်ပံ့ရေးဌာနတွေမှာ ကိုရီးယား ဘာသာ စကားနဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေကို ၆ လကြာ သင်ယူရမှာဖြစ်ပါတယ်။
ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခံရလို့ ထွက်ပြေးလာသူတွေလို့ သတင်း မှာ ဖေါ်ပြပါတယ်။