အလုပ်သမား အရည်ချင်း တိုးတက်ရေး မြန်မာ သမဂ္ဂခေါင်းဆောင်ပြောကြား


2016.05.20
mgmg-labour-620.jpg မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံက အလုပ်သမားတွေ အာဆီယံစံနှုန်းအတိုင်း  လုပ်ခလစာရနိုင်ဖို့ ဆိုရင်အတွက် လုပ်ငန်းခွင် အရည်အချင်း တိုးတက်အောင် နည်းပညာပိုင်းဆိုင်ရာကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ထံမှာ တောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ILO ညီလာခံမှာ တင်ပြဆွေးနွေးမယ်လို့ အဲ့ဒီညီလာခံကို တက်ရောက်မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် က ပြောပါတယ်။

"အာဆီယံစီးပွားရေးဈေးကွက် ဖွင့်လာတဲ့အခါမှာ ကျနော်တို့သည် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြိုင်ရမှာဖြစ်တယ်၊ အလုပ်သမားသည်းလည်း လုပ်အားခကို တက်လာချင်တယ်ဆိုရင် ကျနော်တို့ရဲ့ စကေးကိုတက်ရမှာဖြစ်တယ်၊ သွားရမယ့်လမ်းကြောင်းမှာ ပြင်ဆင်ရမယ့်ဥစ္စာ ကျနော်တို့သည် အမျိုးသားရေးအဆင့်မှာ ဝင်ပြီးဆွေးနွေးခွင့်ရနေပြီ၊ ဒါပေမဲ့ ဒါထက်မကလုပ်ဖို့လိုတယ်ဆိုတာကိုလည်း ကျနော်တို့ ILO မှာ ကျနော်ကတင်ပြမယ်၊ ကျနော်တို့ကို ကူညီပေးဖို့လိုတယ်၊ နည်းစနစ်ပိုင်းဆိုင်ရာအရ သူတို့ရဲ့ကျွမ်းကျင်မှုရှိတဲ့လူတွေ ကျနော်တို့ဆီကိုလာဖို့လိုတယ်၊ ဒါကို ကျနော်တို့ဆောင်ရွက်မှာပါ၊ အဲ့ဒါတွေကို ကျနော်တို့ ဆောင်ရွက်မှာပါ"

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

အဲ့ဒီညီလာခံကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ အလုပ်ရှင်တွေ၊ မြန်မာနိုင်ငံ သင်္ဘောသားများသမဂ္ဂနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဦးမောင်မောင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။