မလေးရှားရောက် မြန်မာနိုင်ငံ သားတွေ အကာ အကွယ်ပေးရေးကော်မတီ ဖွဲ့စည်းမည်
2016.06.14
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် မလေးရှားဆိုင်ရာ မြန်မာသံရုံး နဲ့ မလေးရှားအခြေစိုက် မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေ အတူပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေနဲ့ အလုပ် သမားတွေအတွက် အကာအကွယ်ပေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်းသိရပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီပေးဖို့ ဇွန်လ ၅ ရက်နေ့ က မြန်မာသံရုံးနဲ့ မလေးရှားအခြေစိုက် မြန်မာအရပ်ဘက် အဖွဲ့အစည်း ၅၀ ဝန်းကျင်တို့ ကွာလာလမ်ပူမြို့ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကပုန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ဦးစန်းဝင်းက အခုလိုပြောပါတယ်။
"ဒီနာယကအနေနဲ့ကတော့ သံအမတ်ကြီးနဲ့ သံရုံးကနေ အကျုံးဝင်တဲ့ အလုပ်သမားရေးရာ တွေကိုတော့ ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အတွင်းရေးမှူးအနေနဲ့ ကတော့ ကျနော်တို့အဖွဲ့အစည်း ၅၀ ထဲကနေ တင်မြှောက်တဲ့ လူ ၃ ဦး၊ သို့မဟုတ် ၂ ဦးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မယ်၊ မလေးရှားနိုင်ငံထဲမှာ ရှိတဲ့ ကော်မတီဝင်ထဲမှာလည်း အဖွဲ့အစည်း ၅၀ ထဲကနေထပ် တင်မြှောက်တဲ့သူကို ခန့်အပ်မယ်၊ သံအမတ် ကြီးကနောက်နှစ်ပတ် သို့မဟုတ် လေးပတ်အကြာမှာ မလေးရှားနိုင်ငံတွင်းမှာ မြန်မာနိုင် ငံသားများ အကာအကွယ်ပေးရေးကော်မတီကို စတင်ဖွဲ့စည်းမယ်"
အခုလို မြန်မာသံရုံးက ပူးပေါင်းဆောင်ရွက်လာမယ်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေအနေ နဲ့ အရင်ကထက် ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ဆောင် ရွက်နေသူတွေကပြောဆိုကြပါတယ်။
မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေ လေးသိန်းခွဲကနေ ငါးသိန်းအထိရှိမယ်လို့ ခန့်မှန်းထား ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကပုန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ကိုစန်းဝင်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။