ICJ တရားရုံးရှေ့မှာ မြန်မာတွေဆန္ဒပြ

2022.02.21

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမှုကြားနာနေချိန်မှာပဲ နယ်သာလန်နိုင်ငံရောက် မြန်မာတွေလည်း တရားရုံးရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖေဖော်ဝါရီလ ၂၁ ရက် ဒီကနေ့က စတင်ပြီး လေးရက်ကြာ ဒုတိယအကြိမ် ကြားနာစစ်ဆေးမှုတွေ လုပ်မှာပါ။

ဒီကြားနားပွဲကို စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ရှစ်ယောက်ပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်နေတာကို ကန့်ကွက်ကြောင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။