နိုင်ငံတကာ ငွေပေးချေမှုမှာ ဂျပန်ယန်းငွေနဲ့တရုတ်ယွမ်ငွေ တရားဝင်သုံးစွဲခွင့်ပြု


2019.01.31
yen-yuan-622.jpg ဂျပန်ယန်းနဲ့ တရုတ်ယွမ်ငွေတွေကို တွေ့ရစဉ်
Photo: STR / AFP

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လိုင်စင်ရဘဏ်တွေမှာ နိုင်ငံတကာ ငွေပေးချေရေး၊ စာရင်းရှင်းလင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေရေးတွေ ဖွံ့ဖြိုးတိုးတက်စေရေးတွေအတွက် ဂျပန်ယန်းငွေနဲ့ တရုတ်ယွမ်ငွေ အသုံးပြုဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရင်က ကုန်သွယ်ရေးတွေမှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကိုသာ အသုံးပြုခွင့်ရှိခဲ့ရာက၊ အခု ဂျပန်ယန်းနဲ့ တရုတ်ယွမ်ငွေ တွေကိုပါ အသံြုပုခွင့်ရသွားပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်အချင်းချင်းမှာသာ အပြန်အလှန်စာရင်းဖွင့်လှစ်တာ၊ စာရင်းရှင်းလင်းပေးချေတာတွေ ဆောင်ရွက်နိုင်မှာဖြစ်ပြီး၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ တရားဝင်အဖွဲ့အစည်းတွေအနေနဲ့တော့ ငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ခွင့် မပြုဘူးလို့ ပါရှိပါတယ်။

အခုလို ဘဏ်တွေ ငွေပေးချေရေးမှာ ယန်းနဲ့ ယွမ်ငွေကို အသုံးပြုခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာ့ စီးပွားရေး အနာဂတ်ဟာ တရုတ်နဲ့ ဂျပန်ရဲ့ လက်ထဲရောက်သွားတော့မယ်လို့ လေ့လာသူတွေက ပြောဆိုနေကြကြောင်း South China Morning Post သတင်းစာ က ဖေါ်ပြပါတယ်။

လန်ဒန်အခြေစိုက် Control Risks အမည်ရှိ နိုင်ငံရေး၊ လုံခြုံရေး ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့က အကြီးတန်း သုတေသီတဦးကလည်း မြန်မာ့စီးပွားရေး ရှေ့ရေးကို အာရှအရှေ့မြောက်ဒေသနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား တို့က ဖန်တီးကြဖွယ်ရှိတယ်လို့ ပြောဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။