ဘင်္ဂလားဒေ့ရှ်က မွတ်စလင်စခန်း မြန်မာအဖွဲ့ သွားကြည့်မယ်
2017.02.28

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်စခန်းတွေကို လာရောက်ကြည့်ရှုလိုကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းကြားထားတယ်လို့ ဒါကာက အင်္ဂါနေ့လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
မောင်တောဒေသ တိုက်ခိုက်မှု စုံစမ်းရေးကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေ နေထိုင်တဲ့ အဲဒီဒေသကို သွားရောက်ကြည့်ရှုလိုကြောင်း မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို တနင်္လာနေ့က သွားရောက်စဉ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။