ဗြိတိသျှ ဒုတိယ ဝန်ကြီး မြစ်ကြီးနားမြို့ ကို ရောက်ရှိ


2014.01.29
hugo-swire-kachin-305.jpg ဗြိတိသျှနိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန အာရှရေးရာ ဒုတိယဝန်ကြီး Mr Hugo Swire ဇန်နဝါရီလ ၂၉ ရက်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့စဉ်
photo: RFA/ Kyaw Myo Min

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာကို ဗြိတိန်အစိုးရအနေ နဲ့ ထောက်ခံကြောင်း၊ အဲဒီလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် နည်းလမ်းတွေကိုပါ ထည့်သွင်းစဉ်းစားစေလိုကြောင်း ဗြိတိသျှနိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန အာရှရေးရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ  Mr Hugo Swire က အခုလို ပြောလိုက်တာပါ။

အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးကိစ္စကိုလည်း ဆောင်ရွက်ဖို့လိုသလို တိုင်းရင်းသားအရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ကိုလည်း ဖြေရှင်းဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။

ဗြိတိသျှ  ဒုတိယဝန်ကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှစစ်တပ်အတွက် အမှုထမ်းခဲ့တဲ့ စစ်မှုထမ်းဟောင်း ၁၀ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားအခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ ကေအိုင်အို နည်းပညာအကြံပေးအလုပ်ဖွဲ့ရုံးနဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်မျိုးမင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။