မြန်မာကို ကမ္ဘာလှည့် လာရောက်မှု ၃% မြင့်တက်ခဲ့


2019.01.18
tourists-rakhine-622 ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကမ္ဘာလှည့်ခရီးသည်တချို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ မြင့်တက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ကုန်ဆုံးသွားတဲ့ ၁၂ လတာ ကာလအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသွားဦးရေဟာ ၃ % အထိ မြင့်တက်ခဲ့တဲ့အတွက် ခရီးသွားဦးရေ ၁ ဒဿမ ၄ သန်း ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူဦးရေ ၁ ဒသမ ၁ သန်းသာ ရှိခဲ့တာပါ။

မြန်မာနိုင်ငံကို မနှစ်က အများဆုံး လာရောက်လည်ပတ်ခဲ့တဲ့နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး  ၆ သောင်း ၅ ထောင်ကျော် ရှိခဲ့တာပါ။ ဒုတိယအများဆုံးကတော့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီဖြစ်ပါတယ်။

အာရှကဆိုရင်တော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ၁ သန်းကျော်ရှိခဲ့တာပါ။ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေက ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေအပြင် ဒေါ်လာဈေးမတည်ငြိမ်မှုနဲ့ ရေကြီးမှုလို သဘာဝဘေးအန္တရာယ်တွေရှိခဲ့ပေမဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေကတော့ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။