စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက် ကံဆောင်


2014.11.30
htinlinoo-monks-protest-305 စာရေးဆရာထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ရက်နေ့ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး သပိတ်မှောက်ကြစဉ်
Photo:Dhamma Wizaya facebook

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် စာရေး ဆရာထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင် ပြီး သပိတ်မှောက်ကြတယ်လို့ သိရပါတယ်။  ချောင်းဦး မြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော် ကြီးမှာပြုလုပ်တဲ့ ကံဆောင်ပွဲကို  သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ကြ တယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယက RFA ကိုမိန့်ကြားပါတယ်။

"တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊၊ မတက်ရောက်နိုင်လို့ ဆန္ဒပေး တယ်ပေါ့နော်၊ အဲ့လို ဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါ ဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့ ၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ် ချက်လေးတွေ ကို ဦးဇင်းက သံဃာတွေကို ဖတ်ပြပေးတယ်ပေါ့၊ ဗီဒီယို ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ်ရွတ် တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်"

စာရေးဆရာ ထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ်ဆိုရင် သပိတ်လှန်ပေးနိုင်ကြောင်း လည်း အရှင်ဓမ္မပီယက မိန့်ကြားပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတဲ့ လက်ရှိကာလအတွင်း စာရေးဆရာထင်လင်းဦး ထံကနေတစ်စုံတစ်ခုသော ဒေယျ ဓမ္မကို မျှ အလှူခံခြင်း၊ သူနဲ့ဆက်ဆံခြင်းများ မပြုလုပ်ပဲ ရပ်ဆိုင်းထားကြဖို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်များ ကိုလျှောက် ထားပါကြောင်းဖြင့်လည်း ချောင်းဦးမြို့နယ် သံဃာတော်တွေရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါ တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ထင်လင်းဦးကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

အရှင်ဓမ္မပီယနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။