တပ်မတော်နဲ့ သတင်းမီဒီယာကောင်စီ တွေ့ဆုံ


2018.05.30
army-press-council-622.jpg တပ်မတော်နဲ့ သတင်းမီဒီယာကောင်စီ ၂၀၁၈ မေလ ၃၀ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Zayar Hlaing Facebook

တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးဦးစီးကော်မတီနဲ့ သတင်းမီဒီယာကောင်စီတို့ ဒီနေ့ နေပြည်တော်မှာ တွေ့ ဆုံကြရာမှာ  သတင်းအချက်အလက်တွေ မေးမြန်းနိုင်ဖို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးတွေကို အသက်ဝင်အောင်ဆောင်ရွက်ပေးဖို့ သတင်းမီဒီယာကောင်စီဘက်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မကြာခင် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို တပ်မတော်ဘက်က အသစ်ပြန်လည်ထုတ်ပြန်ပေးသွား မယ်လို့ပြောကြောင်း ဒီနေ့တွေ့ဆုံပွဲမှာ ပါဝင်တဲ့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် ကပြောပါတယ်။

"လက်ရှိရှိနေတဲ့ ဖြေကြားနိုင်တဲ့ ဖုန်းနံပါတ်တို့ အီးမေးတို့ကို တကယ်အသက်ဝင်အောင် တကယ် အလုပ် ဖြစ်အောင်တော့ ကောင်စီဘက်က တိုက်တွန်းထားတယ်။ မကြာခင်မှာ သူတို့ Update လုပ်ပေးမယ်ပေါ့။ ဟိုးအရင်တုန်းက တစ်ခါပေးထားတာရှိတယ်။ ဟိုးအရင်တုန်းကဆိုတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲထဲက တချို့ လူတွေက တာဝန်တွေပြောင်းသွားတာ အငြိမ်းစားလူတွေရှိတော့ အခု update ဟာတွေ မကြာခင်လုပ်ပေးမယ်ဆိုတဲ့ သဘောမျိုးလည်းပြောတယ်"

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသ တွေကို သတင်းမီဒီယာတွေအနေနဲ့ လေ့လာရေး လိုက်ပါခွင့်ရဖို့အတွက် အစိုးရတပ်မတော်ဘက်က ခွင့်ပြုဖို့ သတင်းမီဒီယာကောင်စီဘက်က တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ချက်ချင်း အဖြေမပေးနိုင်သေးကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေး ဦးစီးကော်မတီက တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

လက်ရှိ NLD အစိုးရသက်တမ်းအတွင်း သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး ဦးစီးကော်မတီတို့တွေ့ဆုံတာဟာ ၂ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ပထမအကြိမ်တွေ့ဆုံခဲ့ကြ တာဖြစ်ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို တပ်မတော်ဘက်က ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် ထွန်းထွန်းညီ တို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။