ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်ဖို့ မစ်ချ် မက်ကောနယ်လ် ပြောကြား
2018.08.29

အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell မစ်ချ် မက်ကောနယ်လ်က မြန်မာနိုင်ငံ မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ပုံချခြင်း မပြုလုပ်သင့်ပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်လ် က မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမဆန်သတ်ဖြတ်နှိပ်စက်ခဲ့တယ်ဆိုတာ မိမိ သံသယလုံးဝမရှိပါဘူး၊ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မြန်မာ့စစ်တပ်ကို အဲဒီလိုလုပ်ရပ်တွေရပ်တန့်ဖို့ အမိန့်ပေးနိုင်စွမ်း တစ်စုံတရာမရှိတဲ့အတွက် တခြားသူတွေနည်းတူ သူမကို ဝိုင်းဝန်းအပြစ်တင်ဖို့ သူ့မှာဆန္ဒမရှိဘူးလို့ ပြောပါတယ်။