မင်္ဂလာဈေးက KTV တွေကို ပိတ်ခိုင်းထား


2017.04.20
ktv-nightclub-620.jpg မင်္ဂလာဈေးက ကေတီဗွီနဲ့ နိုက်ကလပ်တွေကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဝန်းတွင်းမှာရှိတဲ့ ကေတီဗွီ၊ နိုက်က လပ် ဖျော်ဖြေရေးလုပ်ငန်းတွေကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီက ညွှန်ကြားထားပါတယ်။

စာချုပ်စည်းကမ်းအတိုင်း ဆောင်ရွက်သွားမယ်လို့ တောင်ပိုင်းခရိုင်ဈေးများတာဝန်ခံ ဦးကျော်မြင့်က ပြောပါတယ်။

"ကျနော်တို့ စာချုပ်ထဲမှာပါတဲ့ စည်းကမ်းအတိုင်းပဲ ဆောင်ရွက်သွားပါမယ်"

မင်္ဂလာဈေးဝန်းထဲက ဈေးဆိုင်တွေ အပါအဝင် ကေတီဗွီ ဖျော်ဖြေရေးလုပ်ငန်းတွေကို သြင်္ကန်ကာလ ဧပြီလ ၁၂ ရက်ကတည်းက စတင်ပိတ်ခိုင်းခဲ့တာဖြစ်ပါတယ်။

သြင်္ကန်ကာလ ပြီးနောက် မင်္ဂလာဈေးအတွင်းက ဈေးဆိုင်တွေ နှစ်ဆန်းနှစ်ရက်နေ့က ပြန်လည် ဖွင့်လှစ်ရောင်း ချနေသော်လည်း ကေတီဗွီဖျော်ဖြေရေးလုပ်ငန်းတွေမှာ ပြန်လည်ဖွင့်လှစ်ခွင့် မရတာသေးပါဘူး။

ကေတီဗီလုပ်ငန်းရှင်တချို့ကတော့ အခုလို လုပ်ငန်းပိတ်သိမ်းခိုင်းတာနဲ့ပတ်သက်ပြီး ဘာအကြောင်းကြောင့် ပိတ်ခိုင်းတယ်ဆိုတာ ရန်ကုန်မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးကော်မတီကို ဒီကနေ့ စာပေးပို့မေးမြန်းထား တယ်လို့ မင်္ဂလာဈေးဝန်းတွင်းက  Lucky KTV ဆိုင်ပိုင်ရှင် ကိုမောင်မောင်အေးက ပြောပါတယ်။

"၁၂ ရက်ပြီးတော့ နားထားရတာပဲ လက်ရှိအခြေအနေထိ လုပ်ငန်းခဏပိတ်ထားရတယ်၊ အတိအကျလည်း အစ်ကိုတို့ကို ဘယ်လောက်ထိပိတ်ရမယ်လည်း မပြောဘူး၊ အစ်ကိုတို့ စာပြန်တင်ပြီး စကားပြန်ပြောနေ ရတယ်၊ တရားဝင် အစ်ကိုတို့ကို စာနဲ့ပြောထားတာ ဘာတစ်ခုမှမရှိသေးဘူး၊ ဒါကြောင့်အစ်ကိုတို့က ထူးဆန်းနေတယ်၊ အစ်ကိုတို့လည်း စုံစမ်းနေတုန်းပဲ"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အဲဒီဈေးနေရာကို  Business Center တည်ဆောက်ဖို့ ၂ဝ၁၆ နှစ်ကုန်ပိုင်းကတည်းက ဈေးဝန်းတွင်းမှာရှိတဲ့ ကေတီဗီနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ပြောင်းရွှေ့ပေးဖို့ စာပေးပို့ထားတယ်လို့ သိရပါတယ်။

မင်္ဂလာဈေးဝန်းအတွင်းမှာရှိတဲ့ ကေတီဗွီ နိုက်ကလပ် ဖျော်ဖြေရေးလုပ်ငန်းတွေဟာ အရင် အစိုးရလက်ထက်တွေ ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မင်္ဂလာဈေးဝန်းထဲမှာ ကေတီဗီနဲ့ဖျော်ဖြေရေး လုပ်ငန်း ၁ဝ ခု နီးပါးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။