ည ၁၁ နာရီ ဆိုင်ပိတ်အမိန့် ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဝန်ကြီး ပြော


2016.05.12
tinaungtun-620.jpg ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ကို မေလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်တိုင်းဒေသကြီးမှာ ညဘက်ဖွင့်တဲ့ စားသောက်ဆိုင်တွေ အပျော်အပါးဆိုင်တွေကို ည ၁၁ နာရီ ပိတ်ရမယ်လို့ တိုင်းဒေသကြီး အစိုးရက ညွန်ကြားထားတာမျိုးမရှိကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က အတည်ပြုပြောပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး တင်အောင်ထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

"ည ၁၁ နာရီမှာ KTV တွေ၊ မာဆတ်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ရမယ်၊ ပိတ်နေတယ်၊ ရဲတွေ လိုက်စစ်နေတယ်၊ ဖမ်းတယ်ဆီးတယ် ဆိုတဲ့ဟာတွေလည်း ကျနော်တို့ ကြားနေရတာရှိပါတယ်၊ ဒါနဲ့ပတ်သက် ပြီး မေးတဲ့အခါမှာလည်း ကျနော်တို့အစိုးရအဖွဲ့က ဘာမှထုတ်ပြန်ထားတာမရှိပါဘူး၊ ဒီအမိန့်တွေသည် တကယ်တမ်း ကျနော်တို့အစိုးရအဖွဲ့က ထုတ်ပြန်ရမှာပါ၊ ဝန်ကြီးချုပ်ကနေပြီး ဒီမှာအစည်းအဝေးလုပ်ပြီးမှသာ ဒီအမိန့်တွေထုတ်တာဖြစ်ပါတယ်"

မနေ့ညကစပြီး ရန်ကုန်မြို့မှာ စားသောက်ဆိုင်တွေအားလုံး ည ၁၀ နာရီ ၁၁ နာရီမှာ ပိတ်ကြရတဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်တွေက မဖြစ်သင့်ကြောင်း RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်အမိန့်ကြေညာချက် ထုတ်ပြန်တာမဟုတ်ဘဲ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဆိုင်တွေကို လိုက်လံအကြောင်းကြားနေတာလို့ စားသောက်ဆိုင်ပိုင်ရှင်တွေ က ပြောပါတယ်။

ဆိုင်ပိုင်ရှင်တွေရဲ့ ပြောကြားချက်တွေကို  RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။