ထိုင်းဘုရင်ရဲ့ သူရဲကောင်းဘွဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရရှိ


2018.02.16
minaunghlaing-thai-award-622.jpg တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်းဘုရင်ချီးမြှင့်တဲ့ မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်)ကို ရရှိခဲ့စဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ အစိုးရက ထိုင်းဘုရင် မင်းမြတ်ရဲ့  မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်)  ချီးမြှင့်ပေးအပ်ပြီး ဒီနေ့ ဂုဏ်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့  အကြမ်းဖက်မှုတွေနဲ့ လူ ၆ သိန်းကျော် အိုးအိမ်စွန့်လွှတ် ထွက်ပြေးကြရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်ရှိသူဖြစ်လို့ အရေးယူဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြစ်တင်နေကြချိန်မှာ ထိုင်းအစိုးရက အခုလို ချီးကျူး ဂုဏ်ပြုလိုက်တာဖြစ် တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြပါတယ်။

ထိုင်း ဘုရင့်နန်းတော် အာဏာပိုင်တွေကတော့ ထိုင်းစစ်တပ်ကို ထောက်ခံမှုတွေ အကူအညီတွေ ပေးခဲ့တဲ့အတွက်  ဒီဆုချီးမြှင့်ဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ဆုံးဖြတ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ကြေညာပါတယ်။

ဖေါ်တီဖိုင်း ရိုက်စ် လူ့အခွင့်အရေးအဖွဲ့က မက်တ်-စမစ်ကလဲ ထိုင်းအစိုးရအနေနဲ့ အခုလို ဂုဏ်ပြုမယ့် အစား မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးပြီး လူ့အခွင့်အရေးမျှတမှုရရှိစေဖို့ တိုက်တွန်း ကြိုးပမ်းသွားသင့်တယ် လို့ ပြောပါတယ်။

အဲဒီ ဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တဲ့  မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့နေ့လယ်ပိုင်းက  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိသွားခဲ့ကြပြီး ထိုင်းနိုင်ငံရှိ အထင်ကရနေရာတွေကို လှည့်လည်ကြည့်ရှု လေ့လာသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။