ထောင်ကလွတ်ဖို့ ကိုမင်းကိုနိုင် မျှော်လင့်ထားပုံမရ
2011.11.22

RFA
မနေ့က သရက်ထောင်မှာ မိသားစုနဲ့ မိနစ် ၂၀ ကြာ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့အတူ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်သူက အာရ်အက်ဖ်အေကို ပြောပါတယ်။
ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံ အကျဉ်းထောင်မှာ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာလည်း လမ်းလျှောက်တဲ့အခါ လူကောင်းတစ်ယောက်လို မလျှောက်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမယ်လို့ သိရပါတယ်။