မင်းပြားမြို့ နယ်အတွင်း ကျေးရွာ၂၄ ရွာလောက် ရေလွှမ်းမိုး
2013.07.28
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းပြားမြို့နယ်အတွင်းက မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်းနစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။
အဓိက ရေနစ်မြုပ်မှုနဲ့ကြုံနေရတဲ့ ကျေးရွာတွေကတော့ မင်းပြားမြို့န ယ်က မင်းဘူးချောင်း တစ်လျှောက်မှာရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလားမတောင်စတဲ့ ကျေးရွာကနေ အထက်ပိုင်း ရွှေကျန်အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။
အခုလို ရေနစ်မြုပ်မူ ဖြစ်ပေါ်နေတဲ့ကျေးရွာတွေဟာ မြေနိမ့်ပိုင်း ကျေးရွာတွေ အများဆုံးဖြစ်ပြီး ရေဘေး ဒုက္ခရောက်သူတွေဟာ နီးစပ်ရာ ကုန်းမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်း တွေနဲ့ ခြေတံရှည် အိမ်တွေဆီကို ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး အမ်းမြို့နယ်မှာလည်း ကားလမ်းတွေ ရေလျှံနေတဲ့အတွက် ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့လဲ စုံစမ်းသိရှိရပါတယ်။