အာဆီယံကိုယ်စားလှယ် NUG နဲ့ တွေ့ဆုံရေး စစ်ကောင်စီ ကန့်ကွက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ အကြံပြုချက် ဟာ အာဆီယံမူကို ဆန့်ကျင်နေတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂ နွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
CRPH နဲ့ NUG ဟာ အကြမ်းဖက်အုပ်စုတွေလို့ စစ်ကောင်စီက ကြေညာထားတာကြောင့် ဒီအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတာဟာ အာဆီယံမူတွေနဲ့ ဆန့်ကျင်နေပြီး အာဆီယံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေလိမ့်မယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကိုလည်း NUG အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထား တာပါ။ အခုလာမယ့် မတ်လထဲမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားပြီး စစ်အုပ်စု ရဲ့ အရာရှိတွေနဲ့ တွေ့ဖို့ရှိတဲ့အကြောင်း ကြာသပတေးနေ့တုန်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ပြောခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ NUG ကိုယ်စားလှယ်တွေနဲ့လည်း တွေ့သင့်တယ်လို့ မလေးရှားနိုင်ငံက တိုက်တွန်းထားပါတယ်။ အာဆီယံအသင်းက မြန်မာစစ်ကောင်စီကိုပဲ ဆက်ဆံနေတာဟာ စစ်ကောင်စီကို တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရာရောက် တာကြောင့် ဒီလိုမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ NUG အစိုးရက ဝေဖန်ထောက်ပြနေ ကြပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ခုကို စစ်ကောင်စီက တက် တက်ကြွကြွ အကောင်အထည်မဖော်တာကြောင့် အာဆီယံအသင်းကလည်း စိတ်ပျက်နေ ပါတယ်။