နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းဖို့ ဂျွန်မက်ကိန်း တိုက်တွန်း
2011.06.03

အခုအချိန်ဟာ မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်ဖို့ အခွင့်အခါတရပ် ဖြစ်ကြောင်းနဲ့ အဲဒီလို ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ မိမိအနေနဲ့ အကူအညီပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင့်သင့်ရှိပါကြောင်း မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်လည်မထွက်ခွာခင် ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ် ဆိုတာကို မိမိအနေနဲ့ ယုံယုံကြည်ကြည် လက်ခံပါတယ်လို့လည်း သူက ပြောပါတယ်။ အဲဒီအတွက် အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်တဲ့အခါမှာ အမေရိကန်အစိုးရနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို မြန်မာနိုင်ငံနဲ့ စတင်ပြောဆို ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ သိရှိအောင် ရှင်းပြမှာ ဖြစ်တယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့အပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာမက်ကိန်းဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသားပါတီတချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျွန်မက်ကိန်းရဲ့ ပြောကြားချက်တွေအပေါ် ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |