ရခိုင်စုံစမ်းရေးကော်မရှင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်
2017.03.17

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေဟာ မောင်တောဒေသ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို အဖွဲ့ ၂ ဖွဲ့ခွဲ သွားရောက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အကြောင်းစုံသိရအောင် သွားရောက် တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောသလေးစော ကပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ဒီကသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်တာရှိ တယ်လေ၊ ရှိခဲ့တယ်ဆိုရင်လည်း ဒီလူတွေရဲ့အခြေအနေတွေ ဖြစ်ပျက်ခဲ့တာတွေကို တစ်ဖက်ထဲ စုံစမ်းတာမဟုတ်ဘဲ နှစ်ဖက် ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုရအောင် သွားတဲ့သဘောပါပဲ"
ရခိုင်ပြည်နယ် မောင်တောဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ကာ စုံစမ်းစစ်ဆေးမှုတွေကို ပြီးပြည့်စုံတဲ့အခြေအနေ နှစ်ဖက်အသံ ရရှိတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်တဲ့အဖွဲ့အနေနဲ့ ဘူးသီးတောင်ဒေသ၊ မောင်တောဒေသ က ပြဿနာစတင်ခဲ့တဲ့ ကျီးကန်းပြင်ကျေးရွာတွေကို သွားရောက်မှာဖြစ်ပြီး အရင်သွားရောက်ခဲ့စဉ်က အာဏာပိုင် အဖွဲ့တွေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာတွေကို အမှန်တကယ်ဆောင်ရွက်နေမှုရှိ မရှိ စစ်ဆေးမှာဖြစ်သလို ဒေသ ခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။