မောင်တောကော်မရှင်အဖွဲ့ နှစ်ဖွဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမည်


2017.03.21
maungtaw-investigate-commission-un-620.jpg ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေ ရောက်ရှိလာစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ၂ ဖွဲ့ခွဲပြီး မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်လေ့လာစုံစမ်းခဲ့တဲ့ အခြေအနေတွေကို မကြာခင်ရက်ပိုင်းအတွင်း ၂ဖွဲ့တွေ့ဆုံ ဆွေးနွေးသွားမယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးစောသလေးစော က ပြောပါတယ်။

ဘူးသီးတောင်-မောင်တောဒေသမှာ ဒေသခံတွေက ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြတယ်လို့ စုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးစောသလေးစော က ပြောပါတယ်။

"တချို့တွေဆိုရင် ပုံမှန်အလုပ်တွေလုပ်နေကြပြီ တချို့နေရာတွေဆိုရင် အကူအညီထောက်ပံ့ မှုတွေ တောက်လျှောက်ရနေပါပြီ အစိုးရကရော ပြည်ပအဖွဲ့အစည်းတွေကရော ထောက်ပံ့တာတွေ လက်ခံရရှိကြတယ်၊ နောက်တစ်ခုက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက်လည်း မရက တို့ ခရက တို့က ကူညီလုပ်ဆောင် ပေးနေကြပါတယ် ဘင်္ဂလားဒေ့ရှ်သွားတဲ့အဖွဲ့နဲ့ လတ်တလော အဆက်အသွယ် မရသေးဘူး ပြီးမှ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်နိုင်မှာဖြစ်တယ်"

ရခိုင်ပြည်နယ် မောင်တောဒေသကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စတင်သွားရောက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ခရီးစဉ်ပြီးဆုံးခဲ့ပါတယ်။

ခရီးစဉ်အတွင်း မောင်တောဒေသမှာ ပဋိပက္ခစတင်ခဲ့တဲ့ ကျီးကန်းပြင်ကျေးရွာနဲ့ အနီးတစ်ဝိုက်ကရွာတွေအပြင် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မွတ်ဆလင်တွေ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ ကို လေ့လာမေးမြန်းပြီး နှစ်ဖက်မျှတတဲ့ အခြေအနေတွေရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။