မန္တလေးက ရပ်ကွက်ရုံး ဗုံးနဲ့အပစ်ခံရ

2022.01.29
မန္တလေးက ရပ်ကွက်ရုံး ဗုံးနဲ့အပစ်ခံရ မန္တလေးမြို့တွင်း တစ်နေရာကို ၂၀၂၁ သြဂုတ်လက တွေ့ရစဥ်
Photo: RFA

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၉ ရက် ဒီကနေ့ လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီးနောက် စစ်သားတစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယောင်္ကျားနှစ်ယောက် ဆိုင်ကယ်စီးလာပြီး ဗုံးနဲ့ပစ်ပြီးပြေးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"ရပ်ကွက်ရုံးကို ပစ်ပြီးပြေးသွားတယ်။ စစ်သားတစ်ယောက် ထိသွားတယ်။ လူမှုကူညီရေး အသင်းကားနဲ့ လာသယ်သွားတယ်။ နန်းတွင်းဆေးရုံ ခေါ်သွားတယ် ကြားတယ်။ ရပ်ကွက်ရုံးကတော့ ရှေ့ပိုင်းမှာ နည်းနည်းထိသွားတယ်"

အဲဒီရပ်ကွက်ရုံး ဗုံးနဲ့အပစ်ခံရပြီးတဲ့နောက် အဲဒီပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လမ်းပိတ်ပြီး လမ်းသွားလာသူတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဘယ်အဖွဲ့က ခုလိုလုပ်တယ်ဆိုတာ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်ယာဉ်တန်းကားအစီး ၂၀ ကျော်ပါတဲ့ ကားတွေနဲ့ မန္တလေးမြို့တွင်း လှည့်ပတ်နေပြီး ရွေ့လျားစနစ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။