မလေးရှားသင်္ဘောအနီး မြန်မာရေ တပ်စစ်သင်္ဘောရောက်ရှိ
2017.02.07

Photo: Kyaw Zaw Win/RFA
ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီး မလေးရှားကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင်တွေ တင်ဆောင် ကာ ရန်ကုန်ကို ဦးတည်ထွက်ခွာလာနေတဲ့ သင်္ဘောအနီးကို မြန်မာရေတပ်က စစ်သင်္ဘော တစင်း ရောက်နေပြီလို့ သိရပါတယ်။
အဲဒီသင်္ဘောမှာ နိုင်ငံ ၁၂ နိုင်ငံက လုပ်အားပေး ၁၉၅ ယောက်လိုက်ပါလာပြီး၊ သူတို့ကို ကိုယ့်နေရာမှာ ကိုယ်နေ ကြဖို့ သင်္ဘောမာလိမ်မှူးက ညွှန်ကြားထားသလို၊ မလေးရှားကာကွယ်ရေးဝန်ကြီး၊ မလေးရှား ရေတပ်ဦးစီးချုပ် တို့ကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်မှာ ရိက္ခာတန်ချိန် ၂၃၀၀ ပါလာပြီး၊ ရန်ကုန်ကိုရောက်ဖို့ ၁၈ ရက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။