ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒေသခံတွေ ဆန္ဒပြ
2014.12.28

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ အတွက် ဒေသခံ ၃၀၀ ဝန်းကျင် က ဒီနေ့ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသခံကျေးရွာ သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ စီမံကိန်းဧရိယာအတွင်းက လိပ်ခွံတောင်အနီးမှာ ဆန္ဒပြခဲ့ကြတာပါ။
ပဋိပက္ခအတွင်း ဆန္ဒပြရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှု အတွက် တာဝန်ရှိသူကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်း ဖို့ တောင်းဆိုဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မိုးကြိုးပြင်အလယ်ရွာသား ကိုထက် က ပြောပါတယ်။
"အဓိကကတော့ မိုးကြိုးပြင်ကျေးရွာမှာရှိ တဲ့ ဒေါ်ခင်ဝင်းသေဆုံးမှုကို တောင်းဆိုကြ တယ်၊ ကြွေးကြော်သံတွေကတော့ လက် ပံတောင်းတောင်လုံးဝ ဖျက်သိမ်းရေး၊ ဒေါ်ခင်ဝင်း ကိုပစ်သတ်လိုက်တဲ့ အကြမ်းဖက်စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး၊ ကော်မရှင် အစီရင်ခံစာကို မလိုက်နာ တဲ့ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး၊ အကြမ်းဖက် သိမ်းပိုက်ခံထားရသော လယ်ယာများချက်ချင်း ရရှိရေး၊ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ တို့နိုင်ငံကအခုထွက်သွား ဆိုတဲ့ ကြွေးကြော်သံတွေကို ကျနော် တို့ကြွေးကြော်ပြီးတော့ တောင်းဆိုနေပါတယ်"
ဆန္ဒပြပွဲမှာ တုံ၊ မိုးကြိုးပြင်အလယ်ရွာ၊ ဆည်တည်း၊ ဇီးတောစတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ပါဝင်ခဲ့ကြတယ် လို့ သိရပါတယ်။
အလားတူ ရန်ကုန်မြို့မှာလည်း ကဗျာချစ်သူများအသင်းဝင် လူငယ်ကဗျာဆရာ ၁၀ ဦးက လက်ပံတောင်းတောင် အကြောင်းကဗျာတွေကို ပုံနှိပ်ထားတဲ့ လက်ကမ်း စာစောင်တွေကို မြို့တော်ခန်းမအနီးမှာ လိုက်လံဝေငှခဲ့ပါတယ်။