ကြေးနီစီမံကိန်း အစီရင်ခံစာ ဒေသခံများ လက်မခံ


2015.06.12
latpadaung-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက် ၄၂ ချက်မှာ ၃၇ ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ပေးခဲ့တယ် လို့ သတ္တုတွင်းဌာန ဒုတိယဝန်ကြီးရဲ့လွှတ်တော်မှာတင်ပြချက် ကို ဒေသခံတွေက လက်မခံနိုင်ဘူးလို့ မနေ့က ပြောပါတယ်။

သိမ်းဆည်းခံမြေယာတွေနဲ့ ပတ်သက်လို့ မူလပိုင်ရှင်တွေကြေနပ်အောင် ဆောင်ရွက်ပေးတာမရှိသလို၊ အာဏာ ပိုင်တွေပြောတဲ့ ၃၇ ချက်ဆောင်ရွက်ပြီးစီး ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရလို့ လက်မခံနိုင်တာလို့ ဒေသခံ မဝင်းဝင်းဌေး က RFA ကိုပြောပါတယ်။

ဒါ့အပြင် မနေ့နေ့လည်မှာဘဲ ဆည်တည်းရွာအနားမှာ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက ခြံစည်းရိုးတိုင်တွေထပ်စိုက်ပြီး သံဆူးကြိုးကာတာကိုကန့်ကွက်ခဲ့တဲ့ ဒေသခံပြည်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လေးဂွနဲ့ပစ်တဲ့အတွက် ပြည်သူတချို့ ဒဏ်ရာရကြတယ်လို့ မဝင်းဝင်းဌေး ကပြောပါတယ်။

"သပိတ်စခန်းရဲ့ ကိုက် ၅၀ လောက်မှာ သံဆူးကြိုးတွေခတ်တဲ့အပြင်ကို အတွင်းထဲမှာ မြောင်းတွေတူးပြီးတော့ တိုင်တွေစိုက်တာ၊ ဒေသခံတွေမဝင်နိုင်အောင် တိုင်တွေကို သံဆူးကြိုးတွေ ခတ်တာ၊ ဒေသခံတွေက လက်မခံနိုင်တော့ ပြောတာ၊ ပြောလို့မရတော့ ရဲတွေက သူတို့ဘက်ကနေစပြီးတော့ ခဲတွေနဲ့ ပစ်တာ"

အာဏာပိုင်နဲ့ ကုမ္ပဏီတွေရဲ့ဖိအားမျိုးစုံကြောင့် ပေးတဲ့လျော်ကြေးလက်ခံပြီး ရွာသစ်ကိုပြောင်းသွားသူတွေမှာ လည်း မြေယာလည်းဆုံး၊ အလုပ်လက်မဲ့ဘဝ လည်း ရောက်နေကြရတယ်လို့ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဆည်တည်းရွာသူ မဝင်းဝင်းဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။