စာကြည့်တိုက်တွေကို လူမှုအခြေပြု ဗဟိုဌာနတွေအဖြစ် ပြောင်းမည်


2016.08.20
pemyint-community-centre-620.jpg ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဖွင့်လှစ်တဲ့ လူမှုအခြေပြုဗဟိုဌာန ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကို သြဂုတ်လ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွေနဲ့ စာကြည်တိုက်တွေကို လူမှုအခြေပြုဗဟို ဌာနတွေအဖြစ် ပြောင်းလဲဖွင့်လှစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဒီကနေ့ ပြော လိုက်ပါတယ်။

"ကျနော်ဒီအလုပ်ကို လုပ်တယ်၊ လူလာအောင် ကျနော်တို့ကြိုးစားမယ်၊ ဒီလိုဝါသနာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုစေတနာရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီနေရာမှာ စုဝေးပြီးတော့ အသုံးပြုမယ်၊ ကျနော်တို့လူတွေကို လည်းပြောတယ်၊ ကျနော်တို့သည် တန်ဖိုးရှိဖို့လိုတယ်၊ အသုံးဝင်နေဖို့လိုတယ်၊ အများက ဒီနေရာကို သုံးနေတာဆိုပြီးတော့ ကျနော်တို့သဘောထားဖို့လိုတယ်၊ အဲ့ဒါဖြစ်အောင် ဆောင်ရွက်ရအောင် ဆိုပြီးတော့ ကျနော်ကတော့ပြော တယ်ပေါ့နော်"

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြှောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးမှာ ပထမဆုံးအကြိမ်ဖွင့် လှစ်တဲ့ လူမှုအခြေပြုဗဟိုဌာန ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ပြောခဲ့တာဖြစ် ပါတယ်။

လူမှုအခြေပြုဗဟိုဌာနတွေမှာ ရပ်ရွာမြို့နယ်အတွင်းကပြည်သူတွေလာရောက် အသုံးပြုနိုင်သလို စာကြည့်တိုက် ကွန်ပျူတာခန်းမတွေနဲ့ ကလေးစာပေ ဖတ်ရှုနိုင်ဖို့ကိုလည်း ပြင်ဆင်ထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအခြေပြုဗဟိုဌာန ဖွင့်ပွဲနဲ့ အတူ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျားစာကြည့်တိုက် ကားကိုလည်း တပြိုင်တည်းဖွင့်လှစ်ခဲ့ပါတယ်။

လူမှုစင်တာတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့တွဲဖက်ပြီး လာမယ့် ၂ နှစ်အတွင်း စင်တာ ၂၅  ခုဖွင့်လှစ် ဖို့ ပြန်ကြားရေးနဲ့ သဘောတူညီထားပြီးပြီလို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင် ဒေါက်တာ သန့်သော်ကောင်း က ပြောပါတယ်။

ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ရွှေ့လျားစာကြည်တိုက်ဟာ ၂ ပတ်အတွင်း နေရာပေါင်း ၂၂ နေရာကို လှည့်လည်စာအုပ် ငှားသွားမှာဖြစ်ပြီး စာသင်ကျောင်းတွေကို အဓိကထားမှာ ဖြစ်တယ်လို့လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က ပြောပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၊ နေပြည်တော်၊ ကလော၊ မြောင်းမြ စတဲ့နေရာတွေ မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ ရွေ့လျားစာကြည့်တိုက်တွေ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။