ကြံ့ခိုင်ရေးပါတီနှင့် ရွေးကောက်ပွဲဝင် ပါတီအချို့ အပြန်အလှန်တရားစွဲ
2010.12.23

“အန်ကယ်တို့ မဲဆန္ဒနယ်မြေ ၂ မှာ ၇ မဲနဲ့ ရှုံးထားတယ်။ အဲဒီ ၇ မဲ ရှုံးတဲ့ဟာကို အန်ကယ်တို့ ကန့်ကွက်လွှာ ပြန်တင်မယ်။ ဗဟို အလုပ်အမှုဆောင်ကတော့ တင်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီတော့ ကွန်ဟိန်းမှာ ပြည်နယ်လွှတ်တော် ၁ ရော ၂ ရော အခုဟာက အပြန်အလှန် စွပ်စွဲတဲ့သဘော ဖြစ်နေပြီပေါ့။”
ကွန်ဟိန်း မဲဆန္ဒနယ်အမတ် စိုင်းကျော်ထွန်းရဲ့ အမှုကို လာမဲ့ ၃၁ ရက်နေ့မှာ ကြားနာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျားဖြူပါတီရဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ အနိုင်ရခဲ့တဲ့ မဲရုံ တာဝန်ကျသူတွေက ဘက်လိုက်တဲ့အတွက်ကြောင့် ဆိုပြီး စိုင်းဇော်ထွန်းကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တရားစွဲဆို ထား တယ်လို့လည်း သိရပါတယ်။ ဒီအမှုကို နေပြည်တော်မှာ မနေ့က စပြီး ကြားနာနေကြောင်းလည်း သိရပါတယ်။
အလားတူပဲ မန္တလေးတိုင်းဖက်မှာလည်း ကြံ့ခိုင်ရေးပါတီက ဒီမိုကရက်တစ်ပါတီ (မြန်မာ) က အနိုင်ရ ကိုယ်စားလှယ်တဦးကို တရားစွဲထားတယ်လို့သိရပါတယ်။
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ပါတီက ဒေါ်တင်တင်မာကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ် ဦးမြဝင်းကနေ မဲဝယ်မှု၊ မဲလိမ်မှုတွေနဲ့ တရားစွဲဆိုလိုက်တာပါ။
ဒီလို တရားစွဲဆိုတယ်ဆိုတာကို ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီမိုကရက်တစ်ပါတီကို အကြောင်းကြားစာ ပို့လာတော့မှ သိရှိရတဲ့အကြောင်းနဲ့ ဒေါ်တင်တင်မာကို တရားစွဲဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ က RFA ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ကျားဖြူပါတီတို့ အပြန်အလှန် တရားစွဲဆိုမှု နောက်ဆုံး အခြေအနေအကြောင်း ကျားဖြူပါတီ ပြောခွင့်ရသူနဲ့ RFA က မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ကျားဖြူပါတီနှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
ကြံ့ခိုင်ရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ တရားစွဲမှုနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်း ပေးပို့ထားပါတယ်။
![]() |
ကြံ့ခိုင်ရေးပါတီနှင့် ဒီမိုကရက်ပါတီ တရားစွဲဆိုမှု |
![]() |
အသံဖိုင်ယူရန် |