ဘိန်းဘုရင်ဟောင်း လော်စစ်ဟန် ကွယ်လွန်


2013.07.07

တချိန်က ဘိန်းဘုရင်လို့ ထင်ရှားကျော်ကြားခဲ့တဲ့ လော်စစ်ဟန်ဟာ ရန်ကုန်မြို့က နေအိမ်မှာ စနေနေ့က ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကို ကိုးကားပြီး AP သတင်းက ဖေါ်ပြပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (ဝ) နီးပါးရှိပြီဖြစ်ပြီး၊ သေဆုံးရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

လောစစ်ဟန်ဟာ မူးယစ်ဆေးါးလုပ်ငန်းကို နှစ် (ဝ) ကျော်လုပ်ကိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက သူ့ကို ၂ဝဝ၈ ခုနှစ်မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။

၁၉၆ ခုနှစ်တွေအတွင်း ကိုးကန့်ဒေသမှာ ဗကပ ကွန်မြူနစ်တွေကို နှိမ်နင်းဖို့ ဗိုလ်ချုပ်နေင်းက ကိုးကန့်ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပေးခဲ့ရာမှာ၊ ကာကွယ်ရေးခေါင်းဆောင် လော်စစ်ဟန်ဟာ ဘိန်းနဲ့ ဘိန်းဖြူ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နိုင်ခဲ့ပါတယ်။ မကြာခင်မှာပဲ လော်စစ်ဟန်ဟာဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး မူးယစ်ရာဇာ ဖြစ်လာခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာလော်စစ်ဟန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး၊ မြန်မာအစိုးရကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သူ့ကို သေဒဏ်ပေးခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခဲ့ပါတယ်။ ၁၉၈ ပြည့်နှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ လော်စစ်ဟန်နဲ့ သားဖြစ်သူ  စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်တို့ဟာ Asia World ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ကွယ်မှာ မူးယစ်ဆေးါးလုပ်ငန်းကို ဆက်လုပ်နေဆဲဖြစ်တယ်လို့ သတင်းစာဆရာ ဘာတေးလစ်တနာက ဆိုပါတယ်။ တစ်ဘက်မှာလည်း စစ်အစိုးရနဲ့ ပူးပေါင်းပြီး အေးပြေး လမ်းတွေ၊ ဆိပ်ခံတွေ၊ လေဆိပ်တွေတည်ဆောက်ရေး ကန်ထရိုက်တွေ ရရှိခဲ့ပါတယ်။

၁၂ ခုနှစ်ကတော့သူ့ရဲ့သားတစ်ယောက်ဖြစ်သူ ဦးအောင်နိုင် ခေါ် လော်စစ်ပင်း ကွယ်လွန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။