လူမှောင်ခိုရာဇာ မြန်မာပြည်မှာ ပုန်းအောင်းနေ
2015.05.24
ထိုင်း မြန်မာနယ်စပ် လူမှောင်ခိုလုပ်ငန်းကို ကြိုးကိုင်နေသူဟာ မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်းနေတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းက ဖော်ပြပါတယ်။
သူဟာ ထိုင်းနဲ့ မြန်မာ နိုင်ငံသားမှတ်ပုံတင် နှစ်မျိုးလုံးကိုင်ဆောင်ထားသူဖြစ်ပြီး၊ ထိုင်းအမည်နဲ့ မြန်မာအမည် နှစ် မျိုးရှိသူဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဆိုသူတွေကို လူမှောင်ခိုကူးနေသူလို့ ယုံကြည်ရကြောင်း လည်း ဖော်ပြပါတယ်။
ဒါ့ပြင် သူဟာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မြန်မာ့ရေတပ်က ဖမ်းမိခဲ့တဲ့ လူ ၂ဝ၈ ဦးပါ စက်လှေကို ပိုင်ဆိုင် သူဖြစ်ပြီး၊ လူမှောင်ခိုဂိုဏ်း ခေါင်းဆောင်လည်းဖြစ်တယ်လို့ စက်လှေရေယာဉ်မှူးနဲ့ လှေသားတွေက ပြော ဆိုကြောင်းသိရပါတယ်။
သူဟာ အခုအခါ မြန်မာနိုင်ငံတွင်းမှာ ဇနီးဖြစ်သူနဲ့အတူ ရှိနေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ နေရပ်အတိအကျကိုတော့ မပြောပါဘူး။ သူနဲ့အတူ တခြားဂိုဏ်းဝင် ၅ ဦးဟာလည်း မြန်မာနိုင်ငံတွင်းမှာ ခိုအောင်းနေကြတယ်လို့ ယုံကြည်ရကြောင်း ထိုင်းရဲကပြောပါတယ်။
မြန်မာအာဏာပိုင်တွေကလည်း သူ့ကို ဖမ်းမိန့်ပေးထားပြီး၊ လူမှောင်ခိုဂိုဏ်းတွေ နှိမ်နင်းရေးမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ အတူ စတင်ဆောင်ရွက်နေကြောင်း သတင်းမှာဖော်ပြပါတယ်။