၀န်ကြီးဌာနတချို့ ဘက်ဂျက်တောင်းခံမှု များလွန်းကြောင်း လွှတ်တော်မှာတင်ပြ


2013.10.25

ပြည်ထောင်စုဝန်ကြီးဌာနတချို့ နိုင်ငံတော်ဘဏ္ဍာငွေ အသုံးစရိတ်တောင်းခံရာမှာ ငွေကြေးပမာဏ များလွန်းတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက တင်ပြလာတဲ့ လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အသုံးစရိတ်တောင်းခံတာတွေဟာ များလွန်းနေတယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော ်ကိုယ်စားလှယ် ဦးမျိုးမြင့်က ဆွေးနွေးခဲ့တာပါ။

အသုံးစားရိတ် တောင်းခံတာများလွန်းနေတဲ့ ဝန်ကြီးဌာနတွေထဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
လာမယ့်ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကလည်း ပြန်လည်ရှင်းလင်းဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။