မြေမြှုပ်မိုင်းဒဏ် မြန်မာပြည် ခံစားနေရဆဲ
2018.03.09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်သွားနေပေမယ့် မိုင်းမကင်းစင်သေးပဲ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေပဲ ထိခိုက်ရတယ်လို့ ဒီနေ့ထုတ် The Diplomat စာစောင်က ဖော်ပြလိုက်ပါတယ်။
၂၀၁၆ မှာ မြေမြှုပ်မိုင်းကြောင့် လူ ၂၉၈ ယောက် သေဆုံးရတယ်လို့ ၂၀၁၇ ဒီဇင်ဘာလက ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ဝေးလံသီခေါင်တဲ့အရပ်မှာ နေထိုင်တဲ့ ရွာသူရွာသားတွေ မိုင်းဒဏ် ပိုသင့်ဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။
မြေမြှုပ်မိုင်း သတိမူရေး နိုင်ငံတကာအဖွဲ့ဖြစ်တဲ့ HALO Trust ဟာ မြန်မာအစိုးရနဲ့ ၂၀၁၅ မှာ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ၂၀၁၇ မှာ တချို့အချက်အလက်တွေ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့မှာ မိုင်းတွေ ချက်ချင်းစတင် ရှင်းလင်းဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေနဲ့ နည်းပညာရှိပြီး မိုင်းရှိတဲ့ ဒေသတွေက အချက်အလက်တွေကို ကွင်းဆင်း စစ်တမ်းကောက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၄ ခုအနက် ၉ နေရာမှာ မြေမြှုပ်မိုင်းရှိတယ်လို့ ပြောပါတယ်။