KNU ဥက္ကဌဟောင်း စောတာမလာဘော ကွယ်လွန်


2014.06.26
sawtarmalarbaw-305 ဇွန်လ ၂၇ ရက်နေ့မှာ ကွန်လွန်သွားတဲ့ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောပုံ
Photo: KIC

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘောဟာ ကြာသပတေးနေ့ည ၉ နာရီကျော်မှာ ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့က နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KNU ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ပဒိုစောသီက RFA ကိုအခုလိုပြောပါတယ်။

"သူကတော့ မနေ့ည ၉ နာရီနဲ့ ၂၃ မိနစ်မှာ ကွယ်လွန်သွားတယ် နောက်သူ့ ဈာပနကို ထုံးတမ်းအစဉ်အလာအရ အဖွဲ့အစည်းသော် လည်းကောင်း ဒါမှမဟုတ်လည်း ဘာသာရေးအ ရသော်လည်းကောင်း ညှှိနှိုင်းနေတုန်းပဲ နောက်တော့ သူဆုံးသွားတဲ့နေရာကလဲ ထိုင်းနိုင်ငံတွင်းမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်လို မျိုးဆက်ပြီးလုပ်မယ်ဆိုတာ တိုင်ပင်နေတုန်းဘဲ"

ကွယ်လွန်ချိန်မှာ အသက် (၉၄) နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောတာမလာဘော ဟာ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီ ကာလအတွင်း အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး၊ ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ကရင် လက်နက်ကိုင်တော်လှန်ရေးမှာ ဗိုလ်ချုပ်ကြီးစောဘိုမြနဲ့အတူ ပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးစောဘိုမြ ကွယ်လွန်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး စောတာမလာဘော က KNU ဥက္ကဌအဖြစ် တာဝန်ယူခဲ့ ပါတယ်။

KNU ရဲ့လက်ရှိ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ဟာ ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့ သမီးဖြစ်ပြီး၊ KNLA ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘိလပ်စိန် နဲ့ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် မဲအေစိန် တို့ဟာ ဗိုလ်ချုပ်ကြီး စောတာမလာဘော ရဲ့ သားတွေဖြစ်ကြပါတယ်။

ဇနီးဖြစ်သူ နော်ဖောကဝေါ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ က  ကွယ်လွန်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီး စောတာမ လာဘော ကွယ်လွန်ချိန်မှာ သားသမီး ၈ ယောက်၊ မြေး ၃၂ ယောက်နဲ့မြစ် ၃၇ ယောက် ကျန်ရစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။