KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ နုတ်ထွက်

2022.01.30
KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ နုတ်ထွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း ကို တွေ့ရစဉ်
Photo: KIC

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တာဝန်ကနေ နုတ်ထွက်အနားယူသွားပြီလို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

KNU ရဲ့ အရေးပေါ်အစည်းအဝေးမှာ တင်ပြလာပြီး နားခွင့်ပေးလိုက်တာလို့ KNU ရဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"အရေးပေါ်အစည်းအဝေးတစ်ခုက သူက နုတ်ထွက်ကြောင်း တင်လိုက်တယ်လေ။ နားမယ်ဆိုတာပေါ့။ အဲဒီလို တင်လိုက်တဲ့အခါ နားခွင့်ပေးလိုက်တယ်လို့ သိရတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်ခန့်မလဲဆိုတာ ကျွန်တော်တို့ KNU ရဲ့ တော်လှန် ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှိပြီးသား။ လစ်လပ်နေပြီဆိုရင် ဒု-ဥက္ကဋ္ဌက အလိုလျှောက်ပဲ တာဝန်ယူရတယ်လေ"

KNU ခရိုင်ဥက္ကဋ္ဌရဲ့သက်တမ်းဟာ လေးနှစ်ဖြစ်ပြီး ပဒိုစောရွှေမောင်းဟာ နောက်ထပ်သက် တမ်း ၂ နှစ် ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ဒူးပလာယာခရိုင်ရဲ့ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ အဲဒီခရိုင်မှာ စစ်ရေးအရ အမြင့်ဆုံး ခေါင်းဆောင်လည်းဖြစ်တဲ့ တပ်မဟာ (၆) ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဆာမိက လက်ကျန်သက်တမ်းအတွက် ဆက်ပြီးတာဝန်ယူသွားမယ်လို့ ပြောပြပါတယ်။

ပဒိုစောရွှေမောင်းဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးအဖြေရှာမှုကို လိုလားကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ သူတစ်ဦးတည်းရဲ့သဘောထားအမြင် ထုတ်ပြန်ခဲ့ဖူးသလို ဒူးပလာယာခရိုင်အတွင်း PDF တပ်ဖွဲ့ဝင်တွေကို လက်မခံဖို့လည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ပဒိုစောရွှေမောင်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒူးပလာယာခရိုင်ရဲ့၁၆ ကြိမ်မြောက် ညီလာခံကနေ ခရိုင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီမတိုင်ခင်ကလည်း ခရိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။