ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကေအိုင်အိုတို့ တွေ့ဆုံမည်


2018.07.18
seven-allies-delegates-622.jpg မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကိုယ်စားလှယ်တွေကို ၂၀၁၈ ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Union Peace Conference - 21st Century Panglong - Third Session Facebook

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် KIA တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး က ပြောပါတယ်။

အခုနှစ်အတွင်း ထပ်မံကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေ NCA လက်မှတ်ရေးထိုးပြီး ပါဝင်လာနိုင်ဖို့ အစိုးရက မျှော်မှန်းထားတဲ့အတွက် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံညှိနှိုင်းသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက အစိုးရနဲ့ တွေ့ဆုံပွဲအတွက် ကေအိုင်အေ ဗဟိုဌာနဘက်က သတင်းထုတ်ပြန်ဖို့ အကြောင်းကြားလာတာမရှိသေးဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။