ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပမည်


2013.12.30

လာမယ့် ဇန်နဝါရီလ (၁) ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားနဲ့ အလုံမြို့နယ်တွေမှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို လူအင်အား သောင်းဂဏန်းအထိ တက်ရောက်မယ်လို့ နှစ်သစ်ကူးပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီနှစ် ကရင်နှစ်သစ်ကူးပွဲတော်တွေကို မျိုးဆက်သစ် ကရင်လူငယ်တွေ ကရင့်ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။

" အနာဂတ်ကရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့ အချိန်မှာ ယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့ အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ အဲ့ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်းဖြစ်တယ်"

ဒီနှစ် နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နေရာအတော်များများမှာ ကျင်းပသွားဖို့ ရှိပါတယ်။

ဒီနှစ်ပွဲတော်တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်ဆင်နွဲှကြမှာဖြစ်ပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာဖြစ်ပြီး အခုဆိုရင် ကျင်းပခဲ့တဲ့ သက်တမ်း  ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။