လိုင်စင်မဲ့ကားတွေ တရားဝင်ရေး ကချင်ပြည်နယ်လွှတ်တော်မှာ တင်ပြ
2016.05.12

ကချင်ပြည်နယ်က လိုင်စင်မဲ့ကားတွေကို သင့်လျော်တဲ့ အခွန်ပေးဆောင်စေပြီး အသုံးပြုနိုင်တဲ့ လိုင်စင်ထုတ်ပေးနိုင် ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဝိုင်းမော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က အဲ့ဒီအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
"အခုလိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမယ်ဆိုရင်လည်း ခိုးဝင်တုန်းက တားဆီးအရေးယူနိုင်ခြင်းမပြုခဲ့ပြီး ယခုပြည်သူလူထု လက်ထဲရောက်မှ ဖမ်းဆီးရသလားဟု ပြည်သူလူထုက စိတ်မချမ်းမသာဖြစ်ကာ ဆူပူအုံကြွမှု အထိပင် ဖြစ်လာနိုင်မည်ဟု စိုးရိမ်ရပါသည်၊ ၎င်းလိုင်စင်မဲ့ကားများကို အရေးယူခြင်း မပြုခဲ့လျှင် မိမိတို့မြန်မာနိုင်ငံ နဲ့ ကချင်ပြည်နယ်သည် တရားဥပဒေစိုးမိုးမှု မရှိသောအခြေအနေသို့ တစ်ရက်ထက်တစ်ရက် ပိုမိုရောက်ရှိသွား မည့်ပုံ ပေါ်နေပါတော့တယ်"
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေ အပါအဝင် လုပ်ငန်းသုံးနဲ့ အိမ်းသုံးမော်တော်ယာဉ်မျိုးစုံကို တွင်ကျယ်စွာ အသုံးပြုနေကြတာလည်း ဖြစ်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ စာရင်းတွေအရ ၂၀၁၆ ခုနှစ် ဧပြီလ ကုန်အထိ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်မျိုးစုံ အစီးရေ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိပါတယ်။