လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

2013.01.02
kio-laiza-305-z ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ပုံ
Photo: Kachin News Group

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊  ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်က တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရဖက်က သဘောထားကိုသိရအောင် RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ကချင်ပြည်နယ် က ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ကလဲ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။