ပြည်သူ့လုံခြုံရေး တိုးမြှင့်မယ်လို့ စစ်ကောင်စီပြော

RFA Burmese
2024.01.09
ပြည်သူ့လုံခြုံရေး တိုးမြှင့်မယ်လို့ စစ်ကောင်စီပြော ကလေးမြို့နယ် လည်ကြီးကျေးရွာ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေစဉ်။
Citizen Journalist

နယ်မြေဒေသ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၉ ရက်နေ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် မှာ ပြောလိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ကောင်စီပြောခွင့်ရက ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေ တွေကို ပြောခဲ့ပြီး ပြည်သူလူထုနဲ့ နယ်မြေဒေသကို ပိုကာကွယ်ပေးနိုင်မယ့် စနစ်တွေ တိုးမြှင့်သွားမယ့်အကြောင်းကိုပါ ပြောခဲ့တာပါ။

အဲဒီလို တိုးမြှင့်သွားမယ့် လုံခြုံရေးစနစ်အတွက် အဓိကလိုအပ်ချက်က ပြည်သူဖြစ်နေ တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံတစ်ဦးကတော့ ပြည်သူနဲ့ တိုက်ခိုက်နေတဲ့ စစ်တပ်ဟာ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

"သူပြောချင်တာက ပြည်သူ့စစ်ပုံစံမျိုး ဖွဲ့စည်းတာကို ထပ်တိုးသွားမယ့်သဘောမျိုး ဖြစ်မယ်ထင်တယ်။ အဲဒါမျိုးက အရင်ကတည်းက အညာမှာ တွေ့နေကျပဲလေ။ ပျူစောထီးတွေနဲ့ အထူးကွန်မန်ဒိုဆိုပြီး ချီတက် လမ်းလျှောက်တာတောင် မညီမညာ။ ပြည်သူနဲ့ ရန်ဖြစ်နေရင်တော့ ဘယ်လိုလုပ်လုပ် ထူးမှာမဟုတ်ပါဘူး"

စစ်ကောင်စီဟာ ၂၀၂၃ အောက်တိုဘာလ နောက်ပိုင်းက စတင်ပြီး တပ်စခန်းတွေနဲ့ မြို့တချို့ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။

ဒါ့အပြင် တပ်ရင်း၊ တပ်ဖွဲ့အလိုက် လက်နက်ချမှုတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၃ ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ စစ်ကောင်စီဟာ ခွင့်မဲ့၊ စစ်ပြေးနဲ့ စစ်မှုထမ်းဟောင်းတွေကို တာဝန်ပြန်ထမ်းဆောင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ အကျဉ်းထောင်တွေက ခွင့်မဲ့၊ စစ်ပြေး အကျဉ်းသားတချို့ကို လွတ်ငြိမ်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။