ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုထွက်ပေါ်ခြင်းကို Larry Jagan သုံးသပ်

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ သူ့ ဇနီးတို့ကို ရဲမွန်မှာရှိတဲ့ အရေးကြီး နိုင်ငံရေး အကျဉ်းသားတွေ ထားတဲ့ အစိုးရဧည့်ရိပ်သာကို ခေါ်ဆောင်သွားတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ပေါ်ထွက်လာခဲ့တာကို မြန်မာပြည်သူ အတော်များများက စိတ်ဝင်တစား ရှိခဲ့ကြသလို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း ပြန့်သွားခဲ့ပါတယ်။

2010.12.02
khin_nyunt_video_305_z.png နေအိမ် အကျယ်ချုပ်ချထားသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား ရိုက်ကူးထားသည့် ဗီဒီယိုသည် ရက်စွဲ၊ အချိန်တို့ ဖော်ပြမထားသည့်အပြင် အသံလည်း မပါသောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနှင့် အခြား စစ်အစိုးရအရာရှိကြီးများဖြင့် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမှန်း မသိရချေ။ (screenshot of the leaked video)
(screenshot of the leaked video)

စစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ပေါ်ပေါက်နေတဲ့ ပြသနာတွေကို ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ကူညီဖြေရှင်းပေးမှာ ဖြစ်တယ်၊ တချို့ကလည်း သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စစေမှာဖြစ်တယ် ဆိုတဲ့ ကောလာဟလတွေပါ။

ဒီနေရာမှာ ဖြစ်နိုင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဘယ်တော့မှ လျှော့မတွက်ဖို့ပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကစားကွက်တခုကို လုံးစေ့ပတ်စေ့စဉ်းစားပြီး ပိုင်ပိုင်နိုင်နိုင်ရှိလောက်ပြီဆိုမှ လက်တွေ့ချ အကောင် အထည်ဖော်လေ့ ရှိတာပါ။ အခု ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဗီဒီယိုကို အင်တာနက်ပေါ်မှာ ဖြန့်လိုက်တာဟာလည်း တမင်ရည်ရွယ်ချက်ရှိရှိ၊ မဟာဗျူဟာကျကျ ဆောင်ရွက်မှုတခုလို့ ဆိုနိုင်ပါတယ်။

ဒီ ဗီဒီယိုထဲမှာ ဦးခင်ညွန့်ဟာ အိုမင်းရင့်ရော်ပြီး ရုပ်ကျနေပါပြီ။ မိသားစုနဲ့ နီးစပ်သူတွေအပြောအရ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က ရိုက်ထားတာ ဖြစ်နိုင်တယ်လို့ ပြောကြပေမဲ့ သူနေအိမ်အကျယ်ချုပ် ထိန်းသိမ်းမခံရခင် ၂၀၀၄ ခုနှစ်က သူနဲ့ မကြာခဏ တွေ့ဆုံခဲ့ဘူးတဲ့ သံတမန်တွေ အပြောအရတော့ ဒီဗီဒီယိုဟာ သိပ်မကြာသေးခင်က လောလောလတ်လတ် ရိုက်ကူးထားတာလို့ ပြောကြပါတယ်။

ဒီလိုဆိုရင် ဒီ ဗီဒီယိုကို ဘာ့ကြောင့် ဖြန့်လိုက်တာပါပဲ။ ဒါဟာ ပရိယာယ်တခု၊ သတိပေးချက်တခု ဆိုတာတော့ သံသယဖြစ်စရာ မရှိပါဘူး။ အထူးသဖြင့် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး မစဉ်းစားတဲ့ လက်ရှိစစ်အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တွေ၊ ရွေးကောက်ပွဲက အနိုင်ရထားတဲ့ အမတ်တွေ၊ စစ်တပ်ထဲက အရာရှိတွေကို သတိပေးလိုက်တာပါ။

ဒီဗီဒီယိုကို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ရက်ပိုင်းအတွင်းမှာ ဖြန့်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီပဲယင်း လုပ်ကြံတိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးက ဗိုလ်ချုပ်ကျော်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်နဲ့ ဗိုလ်မှူးချုပ် သန်းထွန်းတို့ဟာ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ အမိန့်နဲ့ တွေ့ခဲ့ကြတာပါ။ အဲဒီ တွေ့ဆုံပွဲတွေမှာ ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အပြည့်အဝ သိရှိနိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်က အကဲခတ် သံတမန် တဦးက ပြောပါတယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဗီဒီယိုမှတ်တမ်း ပေါ်ထွက်လာခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စ ကြိုးပမ်းဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ညွှန်ကြားလိုက်တာလား ဆိုတာ အားလုံးကို သတိပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အဓိကဗျူဟာ တခု ဖြစ်နိုင်သလို တခြာ းပရိယာယ်တခုအနေနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြန်မလွှတ်ခင် သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှု ဘယ်လောက်ထိ ရှိသေးသလဲ ဆိုတာ လေ့လာဖို့၊ ဒါမှမဟုတ် အရပ်သား အစိုးရသစ်အဖွဲ့ထဲမှာ ရာထူးတခု ပေးပြီး ခန့်အပ်ဖို့ဆိုတာလည်း ဖြစ်နိုင်ပါသေးတယ်။

နောက်ထပ် ရည်ရွယ်ချက်တခုက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို လက်နက်ကိုင် တိုင်းရင်သားတွေကိစ္စ၊ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စတွေ ကိုင်တွယ်ခိုင်းမလား ဆိုတာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ထိန်းသိမ်းမခံရခင်တုန်းက တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှုတွေ ရှိခဲ့ပြီး ဝ တပ်ဖွဲ့အပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ အပြီးသတ် သဘောတူညီမှုတွေ ရခါနီးအခြေအနေ ရှိခဲ့တယ်လို့ အဲဒီတုန်းက ထောက်လှမ်းရေးဖက်က တာဝန်ခံညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်မှူးကြီး စန်းပွင့်က ၂၀၀၄ ခုနှစ်အတွင်း ကျနော့်ကို ထုတ်ပြောခဲ့ဖူးပါတယ်။

ဒီညှိနှိုင်းမှုတွေဟာ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့အဖွဲ့ ထိန်းသိမ်းခံရတဲ့နောက်ပိုင်း အဆုံးသတ်သွားခဲ့ပါတယ်။ ဒီ့နောက် လက်ရှိအစိုးရအဖွဲ့က ညှိနှိုင်းမှုတွေရှိပေမဲ့ တိုင်းရင်းသားတွေဖက်က အယုံအကြည် မရှိပဲ၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ပဲ စကားပြောချင်ကြတာပါ။

အခုဆိုရင် တိုင်းရင်းသားတွေနဲ့ တင်းမာမှုက ကြီးထွားလာနေပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ကြားဝင် ဆောင်ရွက်လာမလားဆိုတာ တိုင်းရင်းသားအုပ်စုတွေကိုပါ အသိပေးရာ ရောက်သွားစေပါတယ်။

အင်တာနက်ပေါ်မှာ ဖြန့်ချိလိုက်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်တဲ့ RFA ဆောင်းပါးရှင် Larry Jagan ရဲ့ သုံးသပ်ချက်ဆောင်းပါးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယို
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-02 13:27

ရယူရန်ပေးထားပြီးတော့ ဘာဖြစ်လို့သတင်းစနစ်ထဲမှာရှာလို့မရတာလဲ။

Anonymous
2010-12-03 12:21

http://pyustate.com/2010/12/blog-post_04.html( with voice )

Anonymous
2010-12-05 14:11

နောက်ခံ သတင်းကြေငြာချက်မှာ အတွင်းရေးမှူးချုပ် သိန်းစိန် ဆိုတာ ဖော်ပြသွားတဲ့အတွက် အခု ဗီဒီယို ဟာ အဟောင်းဖြစ်ကြောင်းသေချာပါတယ်