အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာသင်ယူခွင့် ခက်ခဲနေ

RFA Burmese
2024.12.29
အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာသင်ယူခွင့် ခက်ခဲနေ ၂ဝ၂၃ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ ရိုဟင်ဂျာကလေးငယ်တစ်ဦးအား တွေ့ရစဉ်။
Photo: AFP

အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေ ပညာသင်ယူခွင့်ရဖို့ ခက်ခဲနေကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။

နယူးဒေလီမှာ ရိုဟင်ဂျာတွေကို တရားမဝင်နိုင်ငံခြားသားတွေအဖြစ် ယူဆထားတာကြောင့် အစိုးရကျောင်းတက်‌ပြီး ပညာသင်ကြားခွင့်ရဖို့အတွက် ရုန်းကန်နေကြရတာလို့ ဆိုပါတယ်။

သူတို့အနေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေနဲ့ ကလေးတွေကို ကျောင်းအပ်ဖို့ ကြိုးစားပေမဲ့ ကျောင်းအာဏာပိုင်တွေက လက်မခံဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောဆိုကြောင်း သတင်းမှာ ပါရှိပါတယ်။

အိန္ဒိယနိုင်ငံ တရားရုံးချုပ်ကို တင်သွင်းတဲ့ အသနားခံစာတွေအရ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နယူးဒေလီ အရှေ့မြောက်ပိုင်းက ဒေသတွေမှာ ကျောင်းဝင်ခွင့် ငြင်းပယ်ခံရတဲ့ ကလေး ၁၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းက အစိုးရကျောင်းတွေမှာ ပညာသင်ခွင့်မရတဲ့ ရိုဟင်ဂျာကလေးတွေဟာ အနီးအနားက ဘာသာရေးကျောင်းတွေမှာ တက်ရောက်နေကြရတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် လေးသောင်းနီးပါးရှိပြီး အများစုက ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။