အီတလီ ဖာရပ်တီအုပ်စု မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင် တင်သွင်းနေ

2022.03.31
အီတလီ ဖာရပ်တီအုပ်စု မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင် တင်သွင်းနေ စစ်ကိုင်းတိုင်း ပင်းဘူးမြို့နယ် သစ်ထုတ်စခန်းတွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ကျွန်းသစ်လုံးများ တင်ဆောင်နေတာကို တွေ့ရစဉ်
Photo: REUTERS

မြန်မာစစ်တပ်ကို ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့ထားပေမယ့် ရွက်လှေထုတ်လုပ်တဲ့ အီတလီနိုင်ငံက ဖာရပ်တီအုပ်စုဆီ မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင် တင်သွင်း နေတယ်လို့ EIA သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအေဂျင်စီက သတင်းထုတ်ပြန် ပါတယ်။

ဖာရပ်တီအုပ်စုဟာ ဟောင်ကောင်စတော့ဈေးကွက်မှ အစုရှယ်ယာဝင် ၈၃ သန်းကျော်ရှိပြီး ဇိမ်ခံရွက်လှေတွေကို အဓိက ထုတ်လုပ်နေတာပါ။ ရွက်လှေတည်ဆောက်ရာမှာ ကျွန်းသစ် ကို အဓိကထား အသုံးပြုတာဖြစ်ပြီး သူတို့ အသုံးပြုနေတဲ့ ကျွန်းသစ်တွေကို ဘယ်က တင်သွင်းတယ်ဆိုတာကို ကုမ္ပဏီအနေနဲ့ ဖော်ပြဖို့ ပျက်ကွက်နေတယ် လို့ EIA ကြေညာချက်မှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက နိုင်ငံခြားကို တရားဝင် ကျွန်းသစ်တင်ပို့တဲ့ တစ်ခုတည်းသော နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) အပါအဝင် လုပ်ငန်းအသီးသီးကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ မြန်မာ့သစ်လုပ်ငန်း (MTE) ဟာ အခုအချိန်မှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး သစ်လုပ်ငန်းကရတဲ့ ဝင်ငွေအားလုံးဟာ စစ်အုပ်စုဆီကိုသာ တိုက်ရိုက်ရောက်ရှိတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။