တရားမဝင် သစ်တန်ချိန် ၁၈ဝ ကျော် မွန်ပြည်နယ်မှာ ဖမ်းမိ


2017.02.28
illegal-logging-mon-620.jpg မွန်ပြည်နယ်မှာ မော်လမြိုင်မြို့မှာ ဖမ်းဆီးရမိတဲ့ တရားမဝင် သယ်ဆောင်လာတဲ့သစ်တွေကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ပြီးခဲ့တဲ့ ၃ရက်အတွင်း ရန်ကုန်မြို့ကနေ တရားမဝင်သယ်ဆောင်လာတဲ့ သစ်တန်ချိန် ၁၈၀ ကျော်ကို မွန်ပြည်နယ်မှာ ဖမ်းဆီးရမိထားတယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မုဒုံ-ကမာဝက်မှာ သစ်ပုံတွေမိခဲ့ပြီး မော်လမြိုင်မှာမိတဲ့ တရားမဝင်သစ်တွေ ဆက်စပ်နေတယ်လို့ သစ်တောဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကမာဝက်ကဝင်လာတယ်ပေါ့နော်၊ အဲ့မှာပုံထားတာ၊ ကားတွေတော့မတွေ့ဘူး၊ ကားသမားတွေကို လည်း စစ်ကြောရေးကလိုက်တာပဲလေ၊ ဆက်စပ်မှုရှိတာပေါ့"

ဖေဖော်ဝါရီလ ၂၄နဲ့ ၂၅ရက်နေ့တွေမှာ မွန်ပြည်နယ် ပေါင်၊ မုတ္တမနဲ့ မုဒုံလမ်းတွေမှာ တရားမဝင် ပိတောက် သားတွေတင်တဲ့ ကား ၇စီးနဲ့ ယာဉ်မောင်းယာဉ်နောက်လိုက် ၁၀ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

စစ်ဆေးတေ့ွရှိချက်တွေအရ မုဒုံမြို့နယ် ကမာဝက်မြို့နယ်ခွဲ အနောက်ဘက်နှစ်မိုင်အကွာက တောထဲမှာ တန် ၆၀ နဲ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ကမာဝတ်နယ်ခွဲ သိမ်ကုန်းရပ်ကွက်မှာ တရားမဝင် သစ်တန်ချိန် ၇၀ကျော်ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီသစ်တွေဟာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ တရားမဝင်သစ်တွေဖမ်းဆီးရမိခဲ့မှုကြောင့် ပင်လယ် ထွက်ပေါက်ဖြစ်တဲ့ မွန်ပြည်နယ်ကို ရွှေ့ပြောင်းလာတာဖြစ်နိုင်တယ်လို့ သစ်တောဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။