တိုက်ပွဲတွေကြောင့် ကရင်နဲ့ မွန် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

RFA Burmese
2025.01.18
တိုက်ပွဲတွေကြောင့် ကရင်နဲ့ မွန် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ တိုက်ပွဲများကြောင့် လိုဏ်ဂူများအနီးတွင် ထွက်ပြေးတိမ်းရှောင်နေထိုင်ကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဥ်။
KIC

ကရင်ပြည်နယ်အတွင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ဇန်နဝါရီ ၆ ရက်ကနေ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း ကြာအင်းဆိပ်ကြီးမြို့နယ်ကို တိမ်းရှောင်လာသူ ၁၂၀၃ ဦး၊ သံတောင်ကြီးမြို့နယ်ကို ၉၅ ဦး၊ ဖာပွန်မြို့နယ်ကို ၉၉ ဦး ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၂၀၆၈ ဦး ဘီးလင်းမြို့နယ်တွင်း ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုတွေကြောင့် ရေတာရှည်မြို့နယ်အတွင်းက ၇၄ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တနင်္သာရီတိုင်းမှာတော့ ဒီဇင်ဘာလအတွင်း ထားဝယ်မြို့နယ်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁၃၈၇ ဦး အခုလမှာ နေရပ်ကိုပြန်သွားကြပြီလို့ ဆိုပါတယ်။ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင် ၃၂၇၀ လည်း သူတို့ရဲ့ကျေးရွာ တွေကို ပြန်လာကြပြီဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်ကော်ကို ထွက်ပြေးလာကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင် ၂၈၀၀ နီးပါးလည်း နေရပ်ကို ပြန်သွားကြပြီလို့ UNOCHA ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။