ရခိုင်ပြည်နယ် အခြေအနေတွေမကောင်းသေးကြောင်း ICRC ဥက္ကဋ္ဌပြော


2018.06.29
peter-maurer-rakhine-622 ၂ဝ၁၈ ဇွန်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရကျေးရွာ ဒေသခံများနှင့် ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ တွေ့ဆုံစဉ်။
ICRC

ရခိုင်ပြည်နယ်မှာ အဖက်ဖက်က အခြေအနေ မကောင်းသေးဘူးလို့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ပီတာမော်ရာ (Peter Maurer) က ပြောလိုက်ပါတယ်။

အခုရက်ပိုင်းတွင်း ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ မစ္စတာမော်ရာဟာ အစိုးရနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကြောင်း မှုတွေကို ကူညီဖို့၊ လူ့အသိုင်းအဝိုင်းတွေအကြား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးတွေကို ထောက်ပံ့အားပေးဖို့အတွက် အရပ်သားဘက်ကရော တပ်မတော်ဘက်ကပါ အာဏာပိုင်တွေအနေနဲ့ လုပ်နိုင်တာတွေ အားလုံးလုပ်ဖို့ တာဝန်ရှိနေပါတယ်” လို့ မစ္စတာမော်ရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ICRC အနေနဲ့ ဒေသခံတွေပြောလိုက်တာကို အထူးအလေးထားပြီး လုပ်နိုင်တာမှန်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်သလို၊ နိုင်ငံတကာကိုလည်း ဆော်သြစည်းရုံးရမယ်လို့ မစ္စတာမော်ရာက ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။