ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ဟွန်ဆန်တောင်းဆို

2024.05.07
ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ဟွန်ဆန်တောင်းဆို ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့စဉ်။
Photo: Reuters

ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံစကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကတောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာ မေလ ၇ ရက် ဒီကနေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းဗီဒီယိုကတစ်ဆင့် စကားပြောခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အွန်လိုင်း ဗီဒီယိုကနေ စကားပြောခွင့်ပေးဖို့ တောင်းခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီတောင်းဆိုချက်ကို စစ်ခေါင်းဆောင်ဘက်က စဉ်းစားသွားမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဟွန်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးကို မကြာခင် စေလွှတ်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ်ကို ၂၇ နှစ်အဖြစ် လျှော့ချခဲ့ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာထိန်းသိမ်းထားလဲဆိုတာ စစ်ကောင်စီဘက်က လုံးဝထုတ်ပြန်ပြောဆိုတာ မရှိသလို၊ မိသားစုနဲ့ ရှေ့နေတွေကိုလည်း တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။