တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ
2012.12.17

Photo: RFA/Kyaw Zawe Win
ကိုထင်ကျော်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း လမ်းလျှောက်ကာ မြို့တော်ခန်းမရှေ့အထိ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကို အာမခံမယူဘူးလို့ ကိုထင်ကျော်က RFA ကို ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဖမ်းဆီးခဲ့မယ်ဆိုရင်တောင် ဒီအမှုကို မရှောင်ဘဲ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုထင်ကျော်ဟာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းမှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာတွေကြောင့် ခန္တီးထောင်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ အကျဉ်းကျခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလပိုင်းက ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။