GRAND ROYAL အရက်ချက်စက်ရုံ အလုပ်သမားတောင်းဆိုချက် ပြေလည်မှုရ
2012.09.19
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုကျော်သူအောင်က RFA ကို အခုလိုပြောပါတယ်။
"အလုပ်သမားအခွင့်အရေး တိုးတက်ရရှိရေး၊ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရေး၊ ဝန်ထမ်းများ အကြာင်းမဲ့ရပ်စဲခြင်းကို ရပ်ဆိုင်းရေး အဲဒီ ၃ ချက်လုံး အောင်မြင်တယ်။ ဖြုတ်လိုက်တဲ့ ဒီဝန်ထမ်း ၄ ဦးကို ပြန်ခန့်ဖို့အတွက် ကျွန်တော်တို့ ကုမ္ပဏီမှာ အသနားခံစာ တင်ခဲ့ရတယ်"
တောင်းဆိုချက် ၄ ချက်အနက် ၃ ချက်ကို သဘောတူလိုက်ပေမယ့် နောက်ဆုံးအချက်ဖြစ်တဲ့ အလုပ်မှ ထုတ်ပယ်ထားသူတွေကို အလုပ်ပြန်လည်ခန့် ပေးရေးမှာတော့ အလုပ်ထုတ်ခံရသူ (၆) ဦးရှိတဲ့အနက် မနေ့က အလုပ်ထုတ်ခံရသူ (၂)ဦးကို အလုပ်သမားအရေး ဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုကြောင့် အလုပ်ပြန်လည် ခန့်ထားလိုက်ပေမယ့် ကျန်တဲ့သူ (၄) ဦးကိုတော့ ရန်ကုန်ရုံးချုပ်ရဲ့ ခွင်ြ့ပုချက်ရမှ ပြန်ခန့်မယ်လို့ ပြောဆိုကြောင်း သိရပါတယ်။