စံပယ်တောင် ကြေးစင်တောင် မြေ သိမ်းခံ ရွာစာရင်း ပေးပို့


2014.12.25
lpt-305 လက်ပံတောင်းတောင်ဒေသပတ်ဝန်းကျင် အသိမ်းဆည်းခံ မြေဧရိယာတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှာ ဖော်ဆောင်နေတဲ့ စံပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်း မှာ မြေယာတွေအသိမ်းခံရတဲ့ ရွာ ၁ဝ ရွာ မြေစာရင်း ကို မြေစာရင်းဦးစီးဌာနက ရွာတွေကို ပေးပို့ထားပြီ လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့တောင်သူတဦးချင်းစီရဲ့ စာရင်းမပါသေးဘူးလို့ လည်းပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ စံပယ်တောင် -ကြေးစင်တောင် စီမံကိန်းအတွက် မြေယာအသိမ်းခံ ထားရသူတွေကို လက်ပံတောင်းတောင် စီမံကိန်း အတိုင်းလျော်ကြေးပေးဖို့ ဆိုတဲ့အချက် ပါရှိပါတယ်။ ဒီအတွက်ညှိနှိုင်းနေတာဖြစ်ပြီး ပထမပိုင်းတုန်းက မြေ စာရင်းပျောက်ဆုံးနေကြောင်း မြေစာရင်းဦးစီးဌာနက ပြောဆိုခဲ့ပြီး၊ အခုတော့ မြေစာရင်းပေးပို့ခဲ့ တာဖြစ်ကြောင်း ဒေသခံတွေရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကံကုန်းရွာက ဦးတင့်အောင်စိုးက ပြောပါတယ်။

စံပယ်တောင်-ကြေးစင်တောင်ကြေးနီစီမံကိန်းကို ယန်စီ-မြန်မာကုမ္ပဏီက ဖော်ဆောင်နေပေမဲ့ မြေယာ ကိစ္စဆွေးနွေးရာမှာ မပါဝင်ဘူးလို့လည်းပြောပါတယ်။ စီမံကိန်းအတွက် မြေဧက ၆၃ဝဝ ကျော် သိမ်းယူထားပြီး၊ တချို့လျော်ကြေးရပေမဲ့ လျော်ကြေးမရသေးသူတွေလည်းရှိတယ်လို့ ပြောပါတယ်။

"အားလုံးပေါင်း ရွာ ၁ဝ ရွာ၊ ဧက ၆၃ဝ၅ ကို အဲ့ဒီ စီမံကိန်းအတွက် ပြန်လုပ်သွားတာရှိတယ်လို့ လည်းပြောတယ် ၊ နောက် ဒုန်းတော ရွာသာဘက်မှာ သူတို့ပြန်ပေးထားတာရှိတယ်"

လျော်ကြေးပေးထားတဲ့မြေနဲ့ ပြန်ပေးထားတဲ့မြေဧကတွေကို နုတ်ပြီး၊ ကျန်တဲ့ မြေယာတွေအတွက် လျော်ကြေး ကိစ္စညှိနှိုင်းနေပါတယ်။ ဒေသခံတွေ ဘက်ကလည်း မြေစာရင်းပြုစုထားတာရှိပြီး အခု ရရှိတဲ့ မြေစာရင်းနဲ့ နီးစပ်တယ်လို့လည်း ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။