နိုင်ငံခြားရင်းနှီးမှု ဒေါ်လာ သန်းခြောက်ထောင်ရပြီ
2017.01.27

Photo : Win Ko Ko Latt/RFA
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ၂၀၁၆-၂၀၁၇ နှစ်မှာ နိုင်ငံတကာတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ထောင် ရည်မှန်းချက်အတိုင်း ရရှိမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အခုဘဏ္ဍာနှစ်ကုန်အတွက် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇ ထောင်ထိ ရရှိနိုင်တယ် လို့လည်း MIC အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောတယ်လို့ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ ဥပဒေကြမ်းထွက်လာတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ IFC နဲ့ စီးပွါးရေးကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ပေါင်းစပ်ရေးဆွဲခဲ့သလို၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အတည်ပြုခဲ့ပြီး၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ သက်ဝင်မှာဖြစ်ပါတယ်။